တောဝက်ထောင်ချောက်
၄ ဇန် ၂၀၂၆ တောဝက်ထောင်ချောက် အမေရိကန် တက္ကဆက်ပြည်နယ်မှာ စိုက်ခင်းဖျက်တဲ့ တောဝက်တွေကို ထောင်ဖမ်းပုံတစ်ခု။ ပေ ၃၀ - ပတ်ချာလည် အုပ်ဆောင်းပုံစံ သံကွန်ချာကြီး ဆောက်တယ်။ အောက်ခြေမှာ ဝင်စရာ တံခါးတွေ ဟ , ပေးထားပြီး အလယ်မှာ သီးနှံတွေ ကြဲပေးထားတယ်။ သံသယကြီးတဲ့ တောဝက်တွေက သံသယကြီးစွာနဲ့ ချဉ်းကပ်လာပြီး သီးနှံတွေကို စားရင်း ထောင်ချောက်ထဲ ရောက်သွားကြတယ်။ ဝက်အုပ်တစ်အုပ်လုံး ထောင်ချောက်ထဲ ရောက်သွားပြီဆိုရင် အဝေးထိန်းခလုပ်နဲ့ တံခါးတွေကို ဖြုတ်ချလိုက်ပါတယ်။ အုပ်ဆောင်းအသွင် သံကွန်ချာကြီးက ဝုန်းခနဲ ပြုတ်ကျပြီး အလုံပိတ်သွားတယ်။ တောဝက်တွေက ကြောက်လန့်တကြား တိုးထွက်ဖို့ ကြိုးစားတယ်။ မရတော့ဘူး။ ဒီလိုနည်းနဲ့ တောဝက်တွေကို ဖမ်းယူကြတာလည်း ရှိတယ်။ တစ်နေရာမှာကျတော့ ထောင်ချောက်မျက်နှာစာမှာ " တောဝက်ထောင်...