နှစ်ကူး - စာ, ပညာ, မေတ္တာ, ကရုဏာ
၁ ဇန် ၂၀၂၆ ခရစ်နှစ်ကူးကာလအတွက်။ ၂၀၂၆-မှာ “စာတတ်မြောက်ရေး”ထက် “ပညာတတ်မြောက်ရေး”ကို တွန်းအားပေးချင်ပါတယ်။ စာနဲ့ ပညာဟာ တူသလား? စာဟာ သဘောတရားကို ပေးလိုက်လိမ့်မယ်။ တန်ဖိုးကြီးပါတယ်။ လောကပြဿနာတွေကိုကျတော့ စာနဲ့ချည်းပဲ ဖြေရှင်းလို့ ရချင်မှ ရမယ်။ ပညာနဲ့သာ ဖြေရှင်းရမယ့် ပြဿနာတွေလည်း ရှိတယ််။ ခင်ဗျားက သစ်ပင်တစ်ပင်ကို “ကျွန်းပင်”လို့ သိတယ်။ လူတစ်ဦးက “ရောင်းကုန်”လို့ မြင်တယ်။ လူတစ်ဦးက “အနုပညာကုန်ကြမ်းပစ္စည်း”လို့ မြင်မယ်။ လူတစ်ဦးက “နေစရာအိမ်”လို့ မြင်ရင်မြင်မယ်။ အခြားတစ်ဦးက “သဘာဝပတ်ဝန်းကျင်ကို ထိန်းထားတဲ့အရာ”လို့ မြင်ရင် မြင်မယ်။ ဤသစ်ပင်သည် ကျွန်းပင်ဖြစ်ပါသည်-လို့ပဲ စာအုပ်ထဲမှာ ပါတယ်ဆိုရင် အဲဒါက “စာ” ဖြစ်ပါတယ်။ ဘရာဇီးလ်နိုင်ငံမှာ သစ်တောကြီးတွေကို ခုတ်ထွင်ပြီး နွားမွေးမြူရေးစားကျက်ကြီးတွေ လုပ်လိုက်တယ်။ ဘာလို့ နွားမွေးမြူရေး စားကျက်ကြီးတွေလဲ? လူတွေက အမဲသားတွေကို နှစ်နှစ်ခြိုက်ခြိုက် စားသုံးလာကြလို့။ လူတွေက အမဲသားကိုသာ ချစ်တာ။ သဘာဝပတ်ဝန်းကျင်ကိုလည်း မပျက်စီးစေချင်ဘူး။ ဒါမျိုး ပြဿနာတွေကျတော့ ဂန္ထဝင်ကျမ်းဂန်တွေထဲမှာ ပြဿနာကိုရော, အဖြေကိုပါ ရှာတွ...