အဘိဓမ္မာမပေါ်ခင်က အရိယာတွေ တရားရဖူးပါတယ်
၁၁ ဇန် ၂၀၂၆
အဘိဓမ္မာအကြောင်းကို အမြည်းသဘော ပြော။
“အဘိဓမ္မာမတတ်ရင် တရားမရနိုင်ဘူး”လို့ ရိပ်သာဆရာတော်တစ်ပါးက ပြောသတဲ့။
ဒီစကားနဲ့ အစ,ပြုချင်တယ်။
===
ဘုရားရှင် နတ်ပြည်မှာ အဘိဓမ္မာတရားဟောတာဟာ (၇) ဝါမြောက်မှာလို့ အဋ္ဌကထာကျမ်းမှာ ပါတယ်။
(သဂါထာဝဂ္ဂအဋ္ဌကထာ၊ ဒေဝပုတ္တသံယုတ်၊ ပဌမဝဂ်၊ ပဌမကဿပသုတ်အဖွင့်။သံ၊ ဋ္ဌ၊ ၁။ ၉၆။)
ဝိနည်းပိဋက၊ မဟာဝါပါဠိ၊ မဟာခန္ဓကတစ်ခုကိုပဲ ကြည့်ဦး၊ ဘုရားဖြစ်ပြီးပြီးချင်း ပထမဝါ, ဒုတိယဝါတို့မှာ ဖြစ်ကြတဲ့ အရိယာတွေ မနည်းလှဘူး။
- ပဉ္စဝဂ္ဂီရဟန်း ၅-ပါး
- ယသသတို့သား
- သူငယ်ချင်း ၄-ဦး
- ယသသတို့သားရဲ့ အခြားသူငယ်ချင်း (၅၀)
- ဘဒ္ဒဝဂ္ဂီ ညီနောင် (၃၀)
- ရသေ့ညီနောင် ရှင် (၁၀၀၀)
ဘုရားရှင် နတ်ပြည်တက် တရားဟောကြားပါတယ်ဆိုတဲ့ (၇) ဝါမြောက်မတိုင်ခင် (၆) ဝါမြောက်မှာတောင်မှ ခုနစ်နှစ်သား - သာမဏေရဟန္တာလေး ရှင်စုန္ဒနဲ့ ရဟန္တာမလေး မစိရာ-တို့ ရှိနေပြီလို့ ဆိုပါတယ်။
သူတို့ဟာ အဘိဓမ္မာကို မနာကြားကြဖူးဘူး။
===
ဆိုတော့ကား-
“ရှေ့ပိုင်း (၆) ဝါအတွင်း တရားထူးရခဲ့တဲ့ ပုဂ္ဂိုလ်တွေအတွက် အဘိဓမ္မာ လိုအပ်ဟန် မတူဘူး”လို့ပဲ ဆိုရပါမယ်။
“ဒါဆို နောက်ပိုင်းကျတဲ့ ပုဂ္ဂိုလ်တွေအတွက် အဘိဓမ္မာကို မဖြစ်မနေ လိုအပ်လာတဲ့ သဘောလား?”
===
ကနဦးအမြန်အဖြေ။
“ဘယ်သိမလဲ”
သေသေချာချာအဖြေ။
“နောက်မှ”
Comments
Post a Comment