ကျူးဘား - ဗင်နီဇွဲလား

 ၁၁ ဇန် ၂၀၂၆


ဗင်နီဇွဲလား ကျူးကျော်မှုကို ထိတ်လန့်သွားတဲ့အထဲမှာ “ကျူးဘား”ရော ပါတယ်။ 


ကျူးဘားဟာ ဗင်နီဇွဲလားဆီက ရေနံ အလကားရနေတယ်။ ကျူးဘားနိုင်ငံ မီးလင်းနေတာ ဗင်နီဇွဲလားကြောင့်။ 


တရုတ်နိုင်ငံ ZTE ကုမ္ပဏီဟာ Fatherland Card (Smart Card တစ်မျိုး) ဆိုပြီး ဗင်နီဇွဲလား ပြည်သူပြည်သားတွေရဲ့ အချက်အလက် ကောက်ယူမှု, စောင့်ကြည့်မှုတွေကို မာဒူရိုတို့ လုပ်ရ “ကြပ်ရ” လွယ်အောင် ကူညီပေးထားတယ်။


တရုတ်ကုမ္ပဏီ ZTE ရဲ့ Fatherland Card နဲ့ အကြပ်ခံထားရတဲ့အတွက် ဗင်နီဇွဲလား ပြည်သူပြည်သားတွေဟာ မာဒူရို, စစ်တပ်နဲ့ အရပ်ဝတ် လက်နက်ကိုင်တွေရဲ့ ညစ်နည်းပေါင်းစုံကို လှိမ့်ပိမ့်ခံရတယ်။


ကျူးဘားရဲ့ ဝန်ဆောင်မှုကျတော့ စစ်တပ်ကို ကြပ်တာ။

ဗင်နီဇွဲလားမှာ စစ်တပ်က အထက်အရာရှိတွေကို သစ္စာဖောက်တာမျိုး ဖြစ်နိုင်လား-ဆိုရင် မဖြစ်နိုင်ပါဘူးတဲ့။


ဘာလို့လဲဆိုရင် ကျူးဘားထောက်လှမ်းရေးနည်းပညာနဲ့ စစ်တပ်ထဲမှာ စိမ့်ဝင်ထားလို့ပါတဲ့။ 

စစ်တပ်ထဲမှာ တပ်သား (၃) ဦး စကားပြောနေတယ်ဆိုရင် တစ်ဦးက အထက်အရာရှိခိုင်းစေထားတဲ့ သူလျှိုဖြစ်နိုင်ပါသတဲ့။ 


တပ်သားတွေ အများကြီး စုဝေးပြီး ပုန်ကန်ဖို့ ကြိုးစားမယ်ဆိုရင် သူများကို မစည်းရုံးမီ ထောက်လှမ်းရေးကို တိုးတိုးပြောမိတာမျိုး ဖြစ်နိုင်တယ်တဲ့။ 


အဲဒါဟာ ကျူးဘားက ပံ့ပိုးပေးထားတဲ့ ထောက်လှမ်းရေးနည်းပညာ ဖြစ်ပါသတဲ့။ 


ဒါ့ကြောင့် တပ်သားတွေကလည်း လှိမ့်ပိမ့်ခံကြရပါသတဲ့။


===


အမေရိကန်က ဗင်နီဇွဲလားကို ကျူးကျော်ရာမှာ အငြင်းပွါးတာတွေ အများကြီး ရှိတယ်။

သဘောမတူတဲဲ့ဘက်ကလည်း ဆူဆူညံညံပဲ။

သဘောတူတဲ့ဘက်ကလည်း ဆူဆူညံညံပဲ။


အဲဒီအထဲမှာ ကျူးဘားနိုင်ငံကလည်း စိုးရိမ်ထိတ်လန့်တဲ့အထဲမှာ ပါပါတယ်ပေါ့။ 


ဘာကြောင့်လဲ-ဆိုရင် 

“မရောရာမှုကြောင့်”လို့ပဲ ဆိုပါစို့။ 

Comments

Popular posts from this blog

နှစ်ကူး - စာ, ပညာ, မေတ္တာ, ကရုဏာ

နိုင်ငံတော်အဆင့်နှင့် ယန္တရားအဆင့်

မိတ်ဆက်