ချွေးကို လေးစားရမည်
၇ ဖေ ၂၀၂၆
ဗုဒ္ဓရှင်တော်ခေတ်။
ဆွမ်းစားကျောင်းမှာ ဆွမ်းလုံးတွေ ပြန့်ကြဲနေတာကို လူတွေက မြင်။
“ဘုန်းကြီးတွေဟာ ဘာလို့ တရိုတသေ မခံယူကြရတာပါလိမ့်၊ ဆွမ်းတစ်လုံးချင်းကို ရဖို့ လုပ်ငန်း (၁၀၀) လောက် လုပ်ခဲ့ရပါတယ်”
ဘုရားရှင်က ကြားတော့ အမိန့်ထုတ်။
“ဆွမ်းလုံးပြုတ်ကျရင် ကောက်ပြီး ဘုန်းပေးရမယ်၊ လူတွေက စွန့်လှူခဲ့တာမို့ တရိုတသေ ဘုန်းပေးဖို့ သင်တို့မှာ တာဝန်ရှိိတယ်”
===
ဆွမ်းဟာ ဆန်နဲ့ စပါးကို နားမလည်ဘူး။
ပြဿနာ မရှိသလိုပဲ။
“ချွေး”ကို နားမလည်တော့
သိက္ခာပုဒ်အဆင့်ကို ရောက်လာတယ်။
“ချွေး”ကိုသာ နားလည်ကြရင်
ဆွမ်းကို ရိုသေသွားကြမှာပဲ။
ဒါတင်မက
သာသနာပြုလုပ်ငန်းဆိုပြီး ဧရာမငွေကုန်ခန်းကြီးတွေနဲ့
ဒကာ, ဒကာမတွေကို နှိပ်စက်ချင်လိမ့်မယ် မဟုတ်ဘူးလို့ ယူဆ။
အဲ… ယူဆတာပေါ့လေ။
Comments
Post a Comment